ရခိုင်သမိုင်းဆိုင်ရာသိမှတ်ဖွယ်များနှင့်အထွေထွေ ဗဟုသုတများဝေငှရာ
Friday, August 26, 2016
ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီအသျှင်ပညာစာရ၏ ကန္တာရခရီး အပိုင်း (၁)
ရခိုင်သမိုင်းသုတေသီ ရမ္မာဝတီပညာစာရ
(သို့ မဟုတ်) နောက်ကျောကိုဓားထိုးခံရသူ . . . .
[ဒေ ဆောင်းပါးရေ ဆရာတော်ကိုစဖမ်းချိန်က အွန်လိုင်းမာ ပထမဆုံးတက်ခပါရေ]
ရခိုင်သမိုင်းအမွေအနှစ်ထိန်းသိမ်းဖော်ထုတ်ပြန့်ပွားရေးနှင့် ရခိုင်ပြည်တောင်ပိုင်း-မြောက်ပိုင်းကွဲပြားမှုမရှိ ညီညွတ်ရေးတို့အတွက် စစ်တွေမြို့ ကန်တော်ကြီးရပ်တွင် မဟာမုနိဗုဒ္ဓ၀ိဟာရကျောင်းတိုက်ကို၁၉၉၀ခုနှစ်တွင် ၀ါးကျောင်းအဖြစ်တည် ဆောက်ထူထောင်ခဲ့သည်။ငွေအသပြာဗလနန့် ရခိုင်ရာဇ၀င်သမားတစ်ဦး၏ကျောင်း ကားနွားတင်းကုတ်သာသာ။သို့ ရာတွင်သူမျက်နှာမှအပြုံးပန်းငွားငွားစွင့်စွင့်ပွင့်လို့ ။ ရခိုင်ပြည်အတွက်အရိုးကြေ ကြေအရေခမ်းခမ်းသေပန်းပင်ပွင့်ပွင့်သူမမှု။ကျောက်စာ၊ပေစာသေတ္တာ၃-၄လုံးသာသူ့ မှာပါသည်။ဘိနပ်ပင်စီး မထား။သည်လိုပုံနှင့်စစ်တွေကိုချီတက်လာခဲ့ခြင်းပင်။
စတင်တည်ထောင်စဉ်က ရခိုင်စည်အဖွဲ့ နှင့်ရခိုင်စာပေသမားများဖြင့်ကြမ်းခင်း မြေသား၊ အကာဝါးထရံဖြင့်ဖြစ် သည်။ပုသိမ်ကျောင်းမှသံဃာတော်အချို့ နှင့်ရပ်တည်လျက် ဆွမ်းကို သံဃာတော်လေးပါးလျင် ဆန်တဗူးကျစီ၊ ဟင်းအဖြစ်မြက်ဝမ်းပူကိုငပိနည်းနည်း ဆီနည်းနည်းဖြင့်သာ ဘုန်းပေးကြရသည်။ ကျောင်းတည်နေရာသည် စစ်တွေမြို့ နှင့်အလှမ်းဝေးသည်ကြောင့် လည်းကောင်း၊အနီးရှိကန်တော်ကြီးရွာ၌ရွာကိုးကွယ်ရာဘုန်းကြီးကျောင်း ရှိနေခြင်းအပြင် ၄င်းရွာမှာလွန်စွာဆင်းရဲနွမ်းပါးလှခြင်း၊အလှူရှင်ကျောင်းဒကာမဟုတ်ဘဲ နွမ်းပါးသည့် ရခိုင်စာပေသမားများတတ်နိုင်သလောက်ပံ့ပိုးနေခြင်းတို့ ကြောင့် ဤကဲ့သို့ မ၀ရေစာ ဆွမ်းနှင့်မြက်ဝမ်းပူကို ရေလုံပြုတ်စားခဲ့ရခြင်းဖြစ်ပါသည်။
ထိုစဉ်က ဆန်ကို စစ်တွေဒီဂရီကောလိပ်မိသားစုနှင့် ပြည်တွင်းရေကြောင်းမှ ရမ်းဗြဲမိသားစု များကလှူဒါန်း ၍သာ ထမင်းစားရသည့်ဘ၀။ဤကဲ့သို့  ဘ၀အခြေအနေမျိုးတွင် ကျောင်းနေ သံဃာအား လုံး(ဆရာတော်ပညာစာရအပါအ၀င်)ပေါက်တူး၊ပေါက်ပြားကိုင်လျက်နေပူ မိုးရွာ မရှောင် ကန်တူးကြသည်။ ကန်မှထွက်လာသောမြေဖြင့် အုတ်ဖုတ်ကြသည်။ ၄င်းအုတ်ဖြင့် ကျောင်းဆောက် ရသည်။
မင်းဂံရပ်ကွက်တည်ထောင်လာချိန်မှာကျောင်းသားများပညာရေးအခက်အခဲရှိလာသည်။ ကိုယ့်ဒုက္ခနှင့်ကိုယ်ဖြစ်နေသော် လည်း အဓမ္မအိမ်ရာရွှေ့ ပြောင်းခံရသော ရခိုင်မျိုးဆက်သစ်များကို မိမိတတ်နိုင်သမျှကူညီလိုစိတ်ဖြင့်အခမဲ့စာပြ ပေးကြသည်။ စတင်ချိန်ကမူလတန်းမှသည် အထက်တန်း(န၀မတန်း)ထိ ကျောင်းသား/သူ ၉၀ကျော်သည်။နောက်ပိုင်း ကျောင်းပရိ ဘောဂမရှိသဖြင့် နိုင်ငံရေးပါတီတစ်ခုဖြစ်သောရခိုင်ဒီမိုကရေစီတပ်ပေါင်းစုက၄င်းတို့ ပါ တီအဖျက်သိမ်းခံရ၍ ရုံးသုံးပစ္စည်းများကိုလာရောက်လှူဒါန်းရာ ဘီရိုအချို့ နှင့် ဆရာတော်ရခိုင်ပြည်အနှံ့ထမင်းအငတ်ခံရှာဖွေစုဆောင်းထားသောကျောက်စာ၊ပေစာ၊
ဒင်္ဂါးများနှင့်ဖြစ်၍ အတွင်းပိုင်းတွင်းဘုန်းကြီးကျောင်း နှင့် အနည်းငယ်တူသော်လည်း၊ အပြင်ပိုင်းတွင်နွားရုံနှင့်အလွန်တူပေသည်။သို့ သော်နိုင်ငံခြားသားများကတော့သည်မြင်ကွင်းကို အလွန်သဘောကျကြသည်။ဓာတ်ပုံများရိုက်ကြသည်။
တချို့ ရောက်လာသူများကကျောင်းဒကာ သတ်သတ်မှတ်မှတ်ထားလိုကြသည်။ ဆရာတော်ကမူကျောင်း ဒကာသတ်သတ်မှတ်မှတ်ထားလျင်သူ့ လုပ်ငန်းများကို ၀င်ရောက် စွက်ဖက်မည်ကိုစိုးရိမ်သည်။ပရဟိတ အလုပ်များလုပ်သောအခါပြဿနာရှုပ်မည်ကိုစိုးရိမ်သည်။
သူက သူ့ ကျောင်းသည်ရခိုင်တပြည်လုံးအတွက်ဖြစ် ရမည်။ရခိုင်သားမည်သူမဆို သွားလာခွင့် ရှိရမည်။၎င်းပြင်စစ်တွေအပါအ၀င်ရခိုင်ပြည်၌ ကျောင်းကိုအခြေခံ၍ ညီညွတ်မှုပျက်ပြားရသည့် သာဓကများစွာရှိသည်။ထို့ ကြောင့်ကျောင်းဒကာခံမည်လူပုဂ္ဂိုလ်(သို့ )အဖွဲ့ အစည်း ကိုငြင်းဆန် ခဲ့ခြင်းများရှိခဲ့သည်။
ယင်းသို့ ကြောင့်ကျောင်းရှင်ခံလိုသောအုပ်စုတစ်ချို့နှင့်မိဘမဲ့ကလေးမမွေးမီက ပင်အဆင်မပြေ ဖြစ်ခဲ့သည်။မည်သူမဆိုလက်ခံခဲ့၍လည်းတချို့ ကဘ၀င်မကျချင်။သူက မည်သူကိုးကွယ်သည် မကိုးကွယ်သည်ဖြစ်စေဥပဒေချိုးဖောက်ထားခြင်းမရှိသည့်မည်သည့်ဒုက္ခရောက်သူကိုမဆိုလက်ခံ
သည်။
အဆုံးစွန်ရခိုင်သားမှန်လျင်မည်သူမဆိုတည်းခွင့်၊၀င်ထွက်ခွင့်ရှိရမည်။ရခိုင်သားပိုင်ကျောင်း။
တစ်ဦး၊တစ်ယောက်တစ်စု၊တစ်ဖွဲ့ ပိုင်အဖြစ်သူမခံယူလို။ဖြစ်နိုင်လျင်ရခိုင်တပြည်လုံးကိုနေ့စဉ် ထမင်းကျွေးထားချင်သူ။
၁၉၉၅ခုနှစ်မှစ၍ မိဘမဲ့ရခိုင်ကလေးငယ်များကိုမွေးလေသည်။ဘုန်းကြီးကကလေးမွေးသည်ကို
တချို့ ကမကြိုက် ကြပေ။ ရခိုင်သားများမည်မျှဆင်းရဲနေကြသည်ကိုမိမိရင်သွေးကိုကုလားများလက်ထဲ ရောင်းစားနေသည်ကသက် သေပြနေသည်။ မိမိအနေနှင့်ကရိကထများလှသောဤလုပ်ငန်းကို မလုပ်လိုသော်လည်း လုပ်မည့်သူမရှိ။ ကမ္ဘာမီး လောင်သားကောင်ချနင်းနေကြသော အမျိုးသီလ စောင့်ရခိုင်သားများ။မကြားဝံ့မနာသာကိုယ့်ရင်သွေးကို ကုလား ဆီမှာရောင်းစားနေကြသည်။ မွေးကင်းစကိုလမ်းဘေးမှာလူမဆန်စွာစွန့် ပစ်သွားကြသည်။ အမျိုးနှင့်သီလ ကိုအသာထား ကိုယ့်သားသမီးကိုပင်ခွေးစာကျွေးနေကြသည်။ကမ္ဘာမှာရခိုင်လူမျိုးဟာရှက်စရာအကောင်းဆုံး ဖြစ်တော့မည်။ထို့ ကြောင့်ကဲ့ရဲ့မှုများကြားကမွေးကင်းစအရွယ်မှစ၊ ရင်ခွင်ပိုက်ကလေးငယ်များကို ကိုယ်တိုင်နို့  ပုလင်းဖြင့်နို့ ချိုတိုက်ကျွေးသည်။မရွံမရှာ သေးမစင်တို့ ကိုလျှော်ဖွတ်သည်။ ပုခက်လွှဲပေးသည်။တခါတရံအိပ် မပျော်သောကလေးငယ်များကို ရှေးခေတ်ရခိုင်မင်းသမီးဧခြင်း၊ ရခိုင်သာခြင်းကိုဆိုပြ၍ပင်သိပ်လိုက်သေးသည်။
ငယ်စဉ်ကပင်နက်နက်ရှိုင်းရှိုင်းစွဲစွဲမြဲမြဲလုပ်ကိုင်လာခဲ့သောခရီးထွက်ရာဇ၀င်သမိုင်းမှတ်တမ်းရှာဖွေ
စုဆောင်းဖို့  ပင်အချိန်မရတော့။သို့ သော်လည်းမတတ်နိုင်။ကိုယ်ရွေးခဲ့သောလမ်းဖြစ်သည်။
တဖက်မှာလူများလာသည်နှင့်အမျှတည်ဆောက်ရေးလုပ်ငန်းကိုလည်းလုပ်ဆောင်ရသည်။
သူ့ မှာရှိသော အမျိုးသားရေးစိတ်ဓာတ်ကိုလေးစားသောကြောင့် နိုင်ငံခြားရောက်ရခိုင်သားများက စုပေါင်းလှူဒါန်းသည်။ ရခိုင်သမိုင်းအတွက်အကူအညီတောင်းသူ၊ဆွေးနွေးလာသူပြည်တွင်းပြည်ပသမိုင်းပညာရှင်တွေက
လှူကြသည်။ တက္ကသိုလ်ဆရာဆရာမများကျောင်းသားကျောင်းသူများလည်းလာသည်။
ရခိုင် တောင်ပိုင်းကလည်းလာသည်။ မြောက်ပိုင်းကလည်းရောက်သည်။ ကျောင်းလည်း အဆောင် များလာသည်။စည်လာသည်။
သူမပျော်ပါ။သူဝါသနာကရှေးဟောင်းသုတေသနလုပ်ငန်း၊သူလုပ်နေရသည်ကသေးချေးစော်နံသောကလေးထိန်း အလုပ်။စည်ပင်လာသည့်အခါအဖွဲ့ပေါင်းစုံက နေရာဝင်ယူချင်လာသည်။ ဒကာမဲ့သည့် ရခိုင်ဘုံကျောင်း။
လိုချင်သည့်အထဲအစိုးရအာဏာပိုင်များလည်းပါသည်။လူမှုဝန်ထမ်းကစည်းရုံးသည်။သူကမပေး။
စစ်ဗိုလ်လာ၍ခြိမ်းခြောက်သည်။သူလက်မခံ။အမျိုးမျိုးဖိအားပေးသည်၊သူမမှုခဲ့။ရွှေဝါရောင်တုန်းက
လည်းအဖမ်းခံခဲ့ရသေးသည်။ သူ အမှတ်မရှိ။ သူ့ လုပ်ငန်းကိုသူလုပ်သည်။ လုပ်ကြံတော့မည်သိလည်း သူနောက်မဆုတ်။
နောက်ဆုံးတွင်ကုလားများနှင့်ရန်တိုက်သည်။တနှစ်တစ်ကြိမ်ဆိုသလိုအာဏာပိုင်များနှင့်ဖြေရှင်းနေရသည်။သူ့  ကျောင်းကမကြာခဏဆိုသလိုထောင်ထဲအပို့ ခံရသည်။ တဖက်မှာကူညီလိုသည်ဟု ကြောင်းပြကာဝင်လာသူများ ရှိသည်။အစစသတိထားနေရသည်။ကျန်းမာရေးချို့တဲ့လာသည်အထိ။ ဒေသစွဲများမှာယနေ့ ထိ မပျောက်သေး။ အမှန်ကိုလုပ်သည်။ သူနောက်ဆုတ်လိုက်က နောင် နှစ်ပေါင်းများစွာထိ ရခိုင်ညီညွတ်ရေးမရနိုင်သည်ကို သူမြင်သည်။ သဘောထားကြီးကြီးနှင့် တောင့်ခံနေသည်။
မည်သို့ မျှ တိုက်မရသည့်အဆုံးကိုယ်ကျင့်တရားနှင့် တိုက်ခိုက်ခံလာရသည်။သို့ နှင့်တိုင် သူနောက် မတွန့် ခဲ့ပေ။ အချိန်တန်ရပ်သွားလိမ့်မည်ဟုသာယူဆထားသည်။မေတ္တာမပျက်ခဲ့။
အင်ဂျီအိုတချို့ ချဉ်းကပ်လာသည်။ဂလိုဘေလိုင်ဇေးရှင်းအရလက်ခံသည်။၂၀၀၉ခုနှစ်တွင်လုပ်ငန်း
ကော် မတီ တစ်ခုဖွဲ့ ဖို့ လျှောက်လာသည်။ဆရာတော်၏လုပ်ငန်းမှာကူညီဆောင်ရွက်ပေးဖို့ ပြောလာ သည်။ ဆရာတော်စီမံ ခန့် ခွဲသည့်အတိုင်းလိုက်နာဆောင်ရွက်မည်ဆိုသည်။သည်ကော်မတီဖွဲ့ ဖို့ ကိစ္စ စစ်တွေသံဃာများကမလုပ်ဖို့  သတိပေးသည်။ ဆရာတော်ကအသက်လည်းကြီးလာပြီမိမိတို့ ပရဟိတ လုပ်ငန်းများကိုကူညီမည့်သူများကိုမငြင်းစကောင်းဟုဆိုကာနှစ်၂၀နီးပါးရှောင်ရှားလာခဲ့သောလုပ်ငန်း
ကော်မတီတစ်ခုကို၁၈-၁၁-၀၉နေ့ တွင် ဖွဲ့ ခဲ့သည်။ ထိုအဖွဲ့ထဲမှ အစိုးရမွေးထားသူများက ဆရာတော် လုပ်ငန်းကို အစအဆုံးလေ့လာသည်။ တိုက်ခိုက်ရန်စစ်ရေးပြင်ဆင်သည်။ မာယာသုံးသည်။ အားနည်းချက်များဘယ်နေရာရှိသနည်းလေ့လာသည်။ဒုက္ခပေးမည့်သူများက လုပ်အားပေး နေသူများနှင့်ဆရာတော်ကိုသွေးခွဲသည်။ကျောင်းဝင်ပြသည်။တချို့ မွေး ကင်းစများ သေဆုံးပြီးလျှင် ဆေးမှူး၊သူနာပြုများနှင့်ညှိလျက်အလောင်းကိုကျောင်းပရ၀ုဏ်ထဲ၌အကြောင်း အမျိုး မျိုးကြောင့်မြှုပ်နှံထားခဲ့သည်ကိုဖော်ထုတ်သည်။ဆရာတော်၏မယ်တော်ကိုလည်း ကျောင်းဝင်းထဲမှာပင်မြှုပ်နှံ ဂူသွင်းထားသည်။ ၀ိနည်းအရ အပြစ်မရှိ။ ဆရာတော်အား ပုဂ္ဂလိက၀တ္ထုငွေလှူဒါန်းသည်ကိုမှတ်သားထားသည်။ ဆရာတော်၏တူမအရင်းဖြစ်သူ ဆရာတော်ကိုပြုစုဘို့  ကျောင်းမှာ ရောက်နေသည်ကိုဆရာတော်နှင့်ဖောက်ပြားနေသည်ဟု ၀ါဒဖြန့်သည်။နအဖအား စားဖားလုပ်၊ ၀ါဒဖြန့်သော (လူအချို့)၏ အမြင်တွင် ဆရာတော်ကို ဖယ်လိုက်လျှင် လုပ်ငန်းတစ်ခုလုံး သူတို့ပိုင်လာမည်။ ယခုခေတ်မှာ ရေပန်းစား နေသော အင်ဂျီအိုများနှင့် ဆက်စပ် လုပ်လျှင် သူတို့ အဆင်ချောမည်။ ဤသို့ ရိုးရိုး တွေးပုံရသည်။
သို့ သော်-
နအဖအမြင်မှာတော့ဆရာတော်ကရခိုင်သမိုင်းသုတေသီ၊ရည်ရွယ်ချက်ကြီးမားသူ။ရခိုင်ရာဇ၀င်၊သမိုင်းပိုသိပြီးရှေးဟောင်းပစ္စည်းအများအပြားပိုင်ဆိုင်သူ၊ပြည်တွင်းပြည်ပရခိုင်နိုင်ငံရေး၊တော်လှန်ရေးသမား
များနှင့်အဆက်အစပ်ရှိသူ၊ကလေးမွေးခြင်းမှာဟန်ပြအလုပ်။၂၀၁၀ရွေးကောက်ပွဲနောက်ပိုင်းတိုင်းရင်းသားအခွင့်ရေးအနည်း ငယ်မျှပေးရုံနှင့်အခွင့်အရေးကိုသုံးပြီးဒုက္ခပေးနိုင်သူ။ ဒါကြောင်းသူ့ ကိုရှင်းပစ် ရမည်။ ဘယ်အချိန်ရှင်းမလဲ။ ဘယ်လိုရှင်းမလဲ။ စက်တင်ဘာမတိုင်ခင်ရှင်းရမည်၊သူ့ ကိုရှင်းလိုက်ခြင်း အားဖြင့်သံဃာတွေလှုပ်ရဲတော့မည် မဟုတ်။အကျင့်စာရိတ္တကိုထိုးနှက်တိုက်ခိုက်ပြီးရှင်းပစ်က နောင်နလန်ထူနိုင်တော့မည်မဟုတ်။ ရှင်းသည့်အခါ စစ်တွေသားများကိုအသုံးချမည်။သို့ ပါမှ ရခိုင်ပြည်တောင်ပိုင်းနှင့်မြောက်ပိုင်းပြဿနာပိုကြီးလာမည်။ အဘယ်ကြောင့်ဆိုသော်ဆရာတော်အား ရခိုင်တောင်ပိုင်းက အကြွင်းမဲ့ယုံကြည်ထောက်ခံနေဆဲဖြစ်သော ကြောင့်ပင်။
ဟုတ်သည်ရှိမဟုတ်သည်ရှိ နအဖ စားဖားတို့က ဆရာတော်ကိုတူမနှင့်ယိုးစွပ်ကထဲကပင် လူတွေကလုံးဝအမြင်မကြည်ကြ။ အံကြိတ်တောက်ခေါက်ကြသည်။ ဗမာစစ်ဝါဒီတို့ ၏ သည်းခြည် ကြိုက်ပင်။ တောင်ပိုင်း မြောက်ပိုင်း သွေးကွဲလေ ဗမာစစ်ဝါဒီ ကြိုက်လေပင်။
ဆရာတော်အားကိုးယုံကြည်သောကော်မတီတွဲဖက်အတွင်းရေးမှူးကိုထွန်းသိန်း(မာတင်ဇံ အင်ဂျီအိုမှကျောင်းပြရန်ငှားပေးထားသူ)ဦးဆောင်ပြီး၊၂၂-၇-၁၀နေ့ တွင်တရားစွဲလိုက်သည်။ တိုင်ချက်မှာ နအဖ အကြိုက်ပင်။အဓိက----
၁။ငွေကြေးအလွဲသုံးစားမှု(အင်ဂျီအိုနှင့်ရခိုင်သားကိုရန်တိုက်ခြင်း)
၂။မာတုဂါမနှင့်ဖောက်ပြားမှု(နောင်ရခိုင်စာပေသမိုင်းလောက၊ရဟန်းဘောင်မှရာသက်ပန်ထွက်ခွါ၊လူတော မတိုးစေခြင်း)
၃။အလောင်းဖျောက်မှု(လူမဆန်စေခြင်း၊ယုံကြည်မှုကင်းမဲ့စေခြင်း)
၎။နိုင်ငံရေးမှု(သံဃာတော်များနိုင်ငံရေးမှရှောင်ကြဉ်၊သမိုင်းသုတေသီများကိုထိန်းချုပ်ခြင်း)။
၂၇-၇-၁၀နေ့ ၊ရခိုင်နှင့်ပတ်သက်လို့ ဗမာစစ်ဝါဒီများအောင်ပွဲခံသော ရက်မြတ်..။ ဆရာတော်နှင့်မဟာမုနိကျောင်း သားတို့ ၏အမင်္ဂလာနေ့ ။
ဆရာတော်အပေါ်ပုဂ္ဂလိကခံစားချက်နှင့်ထိုးနှက်သူတို့ အတွက်မဟာအောင်ပွဲနေ့ မှ ဟုတ်ပါလေစ..။
ဘာပြောပြော….
အခုတော့…ဆရာတော်(သို့ မဟုတ်) သမိုင်းပညာရှင် တစ်ယောက်ကို ထောင်ထဲပို့ နိုင်ခဲ့လေပြီ။ မည်သူမြတ်လေသနည်း။ စစ်တွေမြို့ နယ်သံဃနာယကပင် အရိပ်မကျလိုက်။ ရွှေဥနည်းလို့ ငန်း ကိုတော့ ရှင်းပစ်လိုက်ပြီ။ ငန်းရိုးပင် ကိုက်ခွင့်ရပါ့မလား…။ငန်းသားစားခွင့်ကိုတော့ ရမည်မထင်ပါ…။ကျောင်းနှင့်လုပ်ငန်းအားလုံး စစ်ဝါဒီများအကုန် ယူကြပေမည်။ မဟာပထ၀ီမြေကြီကိုပင် သည်အတိုင်းထားမည်မဟုတ်၊ ရာဇ၀င်တော့ရိုင်းလေတော့မည်လား။ အမှန်တရားကိုဖုံးကွယ်ဖို့  မီဒီယာများကိုသုံးပြီး ဆရာတော်ကိုအပြစ်ဖို့ ၊ဂုဏ်သိက္ခာကို ယခုထက်ပိုပြီးဝိုင်းချကြ အုံးမှာလား။ သင်တို့သည်လို လူမဆန်တဲ့အလုပ် များများလုပ်လေ တောင်ပိုင်းနှင့်မြောက်ပိုင်းကွဲလေ။ စစ်ဝါဒီ များ ထကလေ…။
ဖမ်းတော့မည်ကိုသူသိသည်။ရှောင်နေဖို့ ပြောသည်။ သူအမှားမရှိရှောင်စရာမလိုတဲ့။ငါရခိုင်အတွက်လုပ်သည်။ ငါ့အတွက်တခုမှမပါ။သည်ကလေးများကိုထား၍လည်းငါမသွားနိုင်။ထောင်ကျလည်းမတတ်နိုင်။
သူတို့ ဖန်တီး ခြင်းသာဖြစ်သည်။ ထို့ ကြောင့်ငါရှောင်စရာမလိုဟုပြောသည်။ ခပ်အေးအေးပင်လုပ်စရာရှိသည်ကိုဆက်လုပ်နေ သည်။ဥာဏ်နီဥာဏ်နက်နှင့် ကောက်ကျစ်သူများအတွက်သာကြောက်ရမည်။သူ့ ကိုသူယုံသည်။ယုံကြည်ချက် နှင့်မတုန်မလှုပ်အချုပ်ထဲသို့ လိုက်သွားခဲ့ခြင်းပင်။ ရခိုင်ရာဇ၀င်သမိုင်းအတွက်၊ ရခိုင်ရင်သွေးငယ်များအတွက် သူစိတ်မကောင်းဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့ ရာတွင်သူတို့ က သခင်၊ကိုယ်ကကျွန်။ မတတ်နိုင်ရေးချ မတတ်နိုင်။သတိမမူဂူမမြင်။စားခွက်တစ်ခုကြောင့် ခွေးတစ်မျိုးလုံးသိက္ခာကျစေမည့်အဖြစ်။ရင်ထုမနာဖြစ်မိသည်။ နောက်ကွယ်က ဗမာစစ်ဝါဒီများမပြုံးဘဲ ၀ါးလုံးကွဲပမာ ဟားတိုက်ရယ်မောနေပေလိမ့်မည်။ ယခုနှစ်များအတွင်း ရခိုင်အချင်း ချင်းသစ္စာဖောက်လို့ ကျဆုံးခဲ့ရသည့်တော်လှန်ရေးရဲဘော်များလာပေပြီ။။
အော်..အဖရခိုင်ပြည်..။
ခိုင်သူရိန်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment