ရခိုင်သမိုင်းဆိုင်ရာသိမှတ်ဖွယ်များနှင့်အထွေထွေ ဗဟုသုတများဝေငှရာ
Monday, September 5, 2016
ခိုးဝင်စစ်တကောင်းဘင်္ဂလီများ (သို့မဟုတ်) ရိုဟင်ဂျာလူမျိုးတု ဖန်တီးတောင်းဆိုနေကြသူများ၏ သမိုင်းလိမ်အထောက်အထား များအား ဆန်းစစ်လေ့လာခြင်း
“ရိုဟင်ဂျာ” ဟူသောဝေါဟာရကို ဘင်္ဂလီမွတ်စလင်တို့ စတင်သုံးစွဲ
ခဲ့သည်မှာ ၁၉၄၇ ခုနှစ်တွင်ဖြစ်ကြောင်း၊ ရခိုင်တို့အနေဖြင့် ပြည်နယ်
တောင်းဆိုမှုမြင့်မားလာချိန်တွင် ဘင်္ဂလီတို့ကလည်း တိုင်းရင်းသား
အခွင့်အရေးအတွက် တောင်းဆိုလာကြကြောင်း၊ ၁၉၆၀ ပြည့်နှစ်တွင်
“ရိုဟင်ဂျာနှင့် ကမန်လူမျိုးစုများ” စာအုပ်ကို မြစ်ကြီးနားမြို့ ရိုဟင်ဂျာ
အမျိုးသား သွေးစည်းညီညွတ်ရေးအဖွဲ့မှ ပုံနှိပ်ထုတ်ဝေကြောင်း၊
ဆောင်းပါးဆရာ မောင်သံလွင်ဆိုသူကလည်း ရိုဟင်ဂျာလူမျိုးများ
အကြောင်းကို မြ၀တီမဂ္ဂဇင်းတွင် ရေးသားကာ တိုင်းရင်းသားအဖြစ်
လမ်းကြောင်းပြခဲ့ကြောင်း၊ အင်္ဂလိပ်တို့ ရခိုင်ပြည်နယ်ကိုသိမ်းပိုက်စဉ်
အချိန်အထိ ရိုဟင်ဂျာဟူသော ဝေါဟာရမပေါ်သေးဘဲ ကိုလိုနီခေတ်
သမိုင်းဆရာများ ရေးသားသည့် မြန်မာနိုင်ငံသမိုင်း၊ ရခိုင်ပြည်နယ်
သမိုင်းတွင်လည်း မတွေ့ရှိရကြောင်းများကို ဒေါက်တာမြင့်သိန်း
(သမိုင်းသုတေသနဦးစီးဌာန)မှ သုတေသနပြုတင်ပြခဲ့ပါတယ်။
ဒေါက်တာမြင့်သိန်းတင်ပြခဲ့တဲ့ အထက်ပါအကြောင်းအရာများဟာ
အကြမ်းဖျင်းဖြစ်ပြီးတော့ ဆက်စပ်လေ့လာစရာလမ်းကြောင်းများစွာ
ရှိနေသေးကြောင်း မီးမောင်းထိုးပြထားတာဖြစ်ပါတယ်။ ဒါကြောင့်
ခေတ်အဆက်ဆက် ရခိုင်ပြည်နယ်အစီရင်ခံစာများ၊ အင်္ဂလိပ်အရေး
ပိုင်မင်းတို့မှတ်တမ်းများ၊ မျိုးချစ်ခေါင်းဆောင်မှတ်တမ်းများနဲ့ သမိုင်း
သုတေသနပညာရှင်တို့ရဲ့ သုတေသနစာတမ်းများထဲမှ “ရိုဟင်ဂျာ”
ဟူသောလူမျိုးတုအကြောင်းကို အောက်ပါအတိုင်းအနှစ်ချုပ်တင်ပြ
လိုက်ရပါတယ်။
*ဘင်္ဂလီမွတ်စလင်တို့သည် မြန်မာနိုင်ငံအတွင်းသို့ ကိုလိုနီခေတ်တွင်
အလုံးအရင်းဖြင့် ၀င်ရောက်လာကြပြီး ကိုလိုနီခေတ်အတွင်း အင်္ဂလိပ်
အာဏာပိုင်တို့၏ အကူအညီအထောက်အပံ့ဖြင့် မွတ်စလင်ခရိုနီ/
မြေပိုင်ရှင်-လုပ်ငန်းပိုင်ရှင်များဖြစ်အောင် ကြိုးပမ်းအားထုတ်ခဲ့ကြသည်။*
*ဘင်္ဂလီမွတ်စလင်များ အလုံးအရင်းဖြင့် ၀င်ရောက်လာသည့်ကာလသည်
၁၈၃၉ ခုနှစ်ဖြစ်ပြီး တိုးချဲ့လယ်ယာမြေများလုပ်ကိုင်ရန်အတွက် စစ်တ
ကောင်းအရပ်မှ ဘင်္ဂလီများနှင့် မဒရပ်မှ ဆူရ်တီများ ၀င်ရောက်လာခြင်း
ဖြစ်သည်။*
*၁၈၇၂ ခုနှစ် သန်းခေါင်စာရင်းအရ စစ်တွေခရိုင်အတွင်း မွတ်စလင်ဦးရေ
(၅၈၂၃၅)ဦး ရှိရာမှ (၁၉၀၁) ခုနှစ်သန်းခေါင်စာရင်းအရ (၁၇၈၆၄၂)ဦးရေ
ရှိလာသည်။ ပြည်သူ့ကျန်းမာရေးဝန်၏ (၁၉၃၀-၃၁) အစီရင်ခံစာတွင်
သာမာန်အားဖြင့် တစ်နှစ်လျှင် စစ်တကောင်းသားကူလီပေါင်း (၄၀၀၀၀)
ကျော် ၀င်လေ့ရှိကြောင်း သိရသည်။ (၁၉၃၁) သန်းခေါင်စာရင်းအရ
စစ်တွေခရိုင်အတွင်း နေထိုင်သော အိန္ဒိယသား ယောင်္ကျားပေါင်း
(၂၅၀၀၀၀) ကျော် ရှိကြောင်းသိရသည်။ စစ်တွေခရိုင်တွင် နေထိုင်သော
အိန္ဒိယသားများအနက် ၈၈ ရာခိုင်နှုန်းမှာ စစ်တကောင်းဘင်္ဂလီကုလားများ
ဖြစ်သည်။*
*ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားတို့သည်
၎င်းဘင်္ဂလီမွတ်စလင်ကုလားများ၏ နိုင်ငံရေးရန်လိုမှုကြောင့် ရခိုင်ပြည်နယ်
အတွင်းမှ တဖြည်းဖြည်းအင်အားယုတ်လျော့လာကာ လွတ်လပ်ရေးမရခင်
ကာလနှင့် လွတ်လပ်ရေးခေတ်ဦးအချိန်အထိ ရခိုင်ပြည်နယ်ကို ပါကစ္စတန်
နိုင်ငံဟုပင် ဘင်္ဂလီမွတ်စလင်ကုလားတို့က ကြွေးကြော်ခဲ့သည်။*
*ဒုတိယကမ္ဘာစစ်ဦး ၁၉၄၂ ခုနှစ်တွင် အင်္ဂလိပ်တို့လက်နက်တပ်ဆင်
ပေးခဲ့သောကြောင့် အင်္ဂလိပ်စစ်တပ်ထဲမှ ဘင်္ဂလီမွတ်စလင်ကုလားများ၊
အိန္ဒိယမွတ်စလင်ကုလားများသည် ရခိုင်ဒေသတွင်းရှိနှင့်ပြီးဖြစ်သည့်
ဘင်္ဂလီမွတ်စလင်ကုလားများနှင့်ပူးပေါင်းကာ ရခိုင်တိုင်းရင်းသားများအား
ဂျီဟဒ်စစ်ပွဲဆင်နွှဲ၍ လယ်ယာမြေများနှင့် တိုင်းရင်းသားတို့ပိုင်ဆိုင်သော
ဥစ္စာပစ္စည်းများကို သိမ်းယူခဲ့သည်။*
*၎င်း သိမ်းယူထားသောလယ်ယာမြေများနှင့် ရခိုင်ပြည်အတွင်းသယံဇာတ
များသည် ၁၉၄၇ ခုနှစ် နှစ်ကုန်ပိုင်းတွင် စတင်ဖွဲ့စည်းခဲ့သည့် မူဂျာဟစ်
သူပုန်များ၏ အဓိကရံပုံငွေဖြစ်ခဲ့ပြီး၊ ပါကစ္စတန်နိုင်ငံအစိုးရကလည်း မူဂျာ
ဟစ်တို့ကို အဓိကထောက်ပံ့ခဲ့သည်။ ထို မူဂျာဟစ်သူပုန်အဖွဲ့ စတင်ဖွဲ့စည်း
သည့်ကာလအထိ “ရိုဟင်ဂျာ” ဟူသော ဝေါဟာရ မပေါ်ပေါက်သေးပေ။*
*၁၉၄၇ ခုနှစ် (Jami-tul Ulema-e) အသင်းမှ ခေါင်းဆောင်ပြီး စီတန်း
လှည့်လည်ရာတွင် ပါကစ္စတန်အဓွန့်ရှည်ပါစေ ဟုကြွေးကြော်ခဲ့ကြသည်။*
*မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ်တွင် ၀န်ကြီးချုပ်ဦးနု
တွေ့ကြုံခဲ့ရသည့် နိုင်ငံရေးအကြပ်အတည်းများသည် ရခိုင်ဒေသတွင်းနှင့်
ရန်ကုန်အခြေစိုက် ဘင်္ဂလီမွတ်စလင်များ၏ အသုံးချရာပင်မအခွင့်အရေး
ဖြစ်ခဲ့ရသည်။ ၁၉၄၇ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့တွင် မြေပုံမြို့နယ်၌ကျင်း
ပသည့် ရခိုင်အမျိုးသားညီလာခံတွင် ရခိုင်သားတို့၏ သဘောထားတင်း
မာမှုကြောင့် ထောက်ခံမဲမရသော ဖဆပလသည် အကြပ်အတည်းတွေ့
ခဲ့ရာ ဦးနုက မွတ်စလင်အများစု၏ ထောက်ခံမဲရအောင် ဆောင်ရွက်ခဲ့
သဖြင့် မြန်မာ့နိုင်ငံရေးအတွင်း ဘင်္ဂလီမွတ်စလင်များ၏ အရှုပ်အထွေးများ
စတင်ပေါ်ပေါက်ခဲ့သည်။*
*ဖဆပလမဲအနိုင်ရရေးအတွက် ထိုအချိန်က ပြည်ထဲရေးဝန်ကြီး
ဦးဧမောင်(ခ)အဒူလာဒစ်၏ ထောက်ခံမှုဖြင့် ဘင်္ဂလီများကို ခေါ်
သွင်းလာသည်။ ဘူးသီးတောင်တွင် အဘူခိုင်ဆိုသူက ဖဆပလဥက္ကဌ၊
လ၀ကတို့နှင့် ပေါင်းကာ အိမ်ထောင်စုစာရင်းများလုပ်ပြီးမှ တစ်ဘက်နိုင်ငံမှ
ဘင်္ဂလီများကိုခေါ်သွင်းလာရာ ရွာပေါင်း (၄၀)ကျော်ခန့် တမဟုတ်ချင်း
ရောက်ရှိလာသည်။ ထိုသို့သော လုပ်ဆောင်ချက်အမှားများသည် နိုင်ငံ
အတွက် ယနေ့တိုင်နစ်နာမှုများစွာ ဖြစ်ခဲ့ရသည်။*
*၁၉၅၁ ခုနှစ်၊ ဇွန်လတွင် အစိုးရ၏နိုင်ငံရေးအကြပ်အတည်းကို အခွင့်
ကောင်းယူကာ ဘင်္ဂလီမွတ်စလင်များသည် မောင်တောမြို့နယ်ရှိ အလယ်
သံကျော်ရွာတွင် အစည်းအဝေးပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်ကို အစ္စလာမ်
ဘာသာပြည်နယ်အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် အချက် (၂၄)ချက်ကို
ဗဟိုအစိုးရသို့ တင်ပြတောင်းဆိုခဲ့သည်။ ၎င်းတောင်းဆိုချက်ကို ဗဟိုအစိုးရ
ပယ်ချခဲ့သည့်နောက်တွင် “ရိုဟင်ဂျာ” လူမျိုးတုကို တီထွင်ကာ ၁၉၅၁ ခုနှစ်၊
သြဂုတ်လတွင် စတင်အသုံးပြု၍ တိုင်းရင်းသားအဖြစ်တောင်းဆိုခဲ့သည်။*
*ဘင်္ဂလီများကို ရိုဟင်ဂျာလူမျိုးအဖြစ် ပုံဖော်ရန် အဓိကကြိုးပမ်းခဲ့ကြ
သူများမှာ မွတ်စလင်ပညာတတ်များဖြစ်သည့် M.A Tiralias Ba Tha ၊
မောင်သံလွင်နှင့် မောင်တောပါလီမန်အမတ် အဘဒူဂါဖိစ်တို့ဖြစ်ကြသည်။
၎င်းတို့ကို နောက်ကွယ်မှ ပံ့ပိုးသူများမှာ ရန်ကုန်အခြေစိုက် ဗမာမွတ်စလင်
အစည်းအရုံးဖြစ်ကြောင်း အလယ်သံကျော်အစီရင်ခံစာလက်နှိပ်စက်မူတွင်
အတိအလင်းဖော်ပြထားသည်။*
*မောင်တောပါလီမန်အမတ် အဘဒူဂါဖိစ်သည် ၁၉၆၀ ခုနှစ်၊ ဧပြီလ
(၂၁)ရက်နေ့တွင် ရန်ကုန်၌ သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ကာ
ရခိုင်-ပထန်-အာရပ် သွေးနှောများသည် ရိုဟင်ဂျာလူမျိုးဖြစ်ကြောင်း၊
ရခိုင်-ဘင်္ဂလီ-အူရဒူ-ပါရှန်-အာရ်ဗီ စကားများကို ရောနှောရာမှ ရိုဟင်ဂျာ
ဘာသာစကားဖြစ်လာကြောင်း စတင်ဝါဒဖြန့်ခဲ့သည်။*
*အမှန်တကယ်အားဖြင့် ၎င်းတို့၏စကားများသည် ဘင်္ဂလီစကားများသာ
ဖြစ်သည်။ ၎င်းတို့ပြောသောစကားသည် စစ်တကောင်းအောက်ပိုင်းမှ
ပြောသောစကားဖြစ်သည်။ ဘင်္ဂေါတွင် စစ်တကောင်းအထက်ပိုင်း
စကားနှင့် အောက်ပိုင်းစကားဟူ၍ စကားနှစ်မျိုးရှိသည်။ စကားနှစ်မျိုးသည်
အနည်းငယ်ကွဲသည်။ စစ်တကောင်းအထက်ပိုင်း သုံးသည့်စကားသည်
ယခုအခါ တွင်ကျယ်နေရာယူလာပြီး ဇတ်မြင့်တို့သုံးသောစကားဖြစ်လာရာ
အောက်ပိုင်းသုံးစကားသည် ဘင်္ဂေါတွင် အသုံးအလွန်နည်းသော စကားဖြစ်
လာသည်။ ထိုစကားကိုပင် ရိုဟင်ဂျာဘာသာစကားဟူ၍ သတ်မှတ်ခြင်း
ဖြစ်ပါသည်။*
*၎င်း ပါလီမန်အမတ် ဘင်္ဂလီမွတ်စလင်လူမျိုး အဘဒူဂါဖိစ်သည် ၁၉၆၀
ခုနှစ်တွင် လက်နက်ချခဲ့သည့် မူဂျာဟစ်လက်နက်ချအခန်းအနားတွင်
ထိုစဉ်က ဒုတိယဗိုလ်မှူးချုပ်အောင်ကြီးပြောကြားမည့် မိန့်ခွန်း၌ ရခိုင်
ဒေသတွင်း ဒေသခံတိုင်းရင်းသားများနေရာတွင် “ရိုဟင်ဂျာ”လူမျိုးများ
ထည့်သွင်းပြောကြားရန် ဖိအားပေးတောင်းဆိုခဲ့သဖြင့် ရိုဟင်ဂျာဝေါဟာ
ရကို နားမလည်သော ဒုတိယဗိုလ်မှူးချုပ်အောင်ကြီးမှ ပေါ့ပေါ့ဆဆ
သုံးစွဲခဲ့ရာ နောင်တွင် မှတ်တမ်းတစ်ခုအဖြစ် မွတ်စလင်နိုင်ငံရေးသမား
တို့က ၀ါဒဖြန့်အသုံးချခဲ့သည်။*
*မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာနိုင်ငံအဖြစ် ကြေညာပြီးချိန်တွင် မွတ်စလင်
တို့ကလည်း မယူခရိုင်နယ်ခြားဒေသကို ရိုဟင်ဂျာမွတ်စလင်ပြည်နယ်
အဖြစ် လွှဲပြောင်းပေးရန်တောင်းဆိုခဲ့သည်။ ဗဟိုအစိုးရမှ ငြင်းပယ်ခဲ့သည့်
အခါတွင် ဘင်္ဂလီပညာတတ်များနှင့် မွတ်စလင်အမတ်များပူးပေါင်းကာ
ရိုဟင်ဂျာလူမျိုးသည် တိုင်းရင်းသားဖြစ်ကြောင်း ပိုမိုဝါဒဖြန့်ခဲ့ကြသည်။*
*၁၉၆၀ ခုနှစ် မဲဆွယ်ကာလတွင် ဦးနု(သန့်ရှင်း)နှင့် ဦးဘဆွေ(တည်မြဲ)
တို့သည် ရိုဟင်ဂျာဆိုသည့် အနက်အဓိပ္ပါယ်ကို မစဉ်းစားဘဲ ဘင်္ဂလီများက
၎င်းတို့မိမိကိုယ်မိမိ ရည်ညွှန်းဝါဒဖြန့်သည့် ရိုဟင်ဂျာဟူသော ဝေါဟာရကို
မကြာခဏသုံးစွဲခဲ့သည်က နောင်တွင် အရှုပ်အရှင်းများ ဖြစ်ပေါ်လာခြင်း
ဖြစ်ပါသည်။*
*၁၉၆၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရခဲ့သော ဦးနုသည် မိမိကိုအားပေး
ထောက်ခံခဲ့သည့် စစ်တကောင်းဘင်္ဂလီများကို ကျေးဇူးဆပ်သည့်အနေဖြင့်
၁၉၆၁ ခုနှစ် နှစ်လည်ပိုင်းတွင် မြန်မာ့အသံ၌ အင်္ဂလိပ်ဘာသာ၊ ဟိန္ဒူ
ဘာသာ၊ ရိုဟင်ဂျာဘာသာ ဟူ၍ အသံလွှင့်ခွင့်ပြုခဲ့သည်။ ထိုအသံလွှင့်
ခွင့်ပြုချက်သည် အင်္ဂလိပ်ဘာသာ၊ ဟိန္ဒူဘာသာ တို့နည်းတူ နိုင်ငံခြား
ဘာသာဟု အဓိပ္ပါယ်သက်ရောက်စေသော်လည်း နောင်တွင် မွတ်စလင်
နိုင်ငံရေးသမားများက အဓိပ္ပါယ်တမျိုးဖွင့်ဆိုခဲ့ကြသည်။*
*ပါလီမန်အမတ် ဦးရာရှစ်ဦးဆောင်သော ဗမာမွတ်စလင်အဖွဲ့သည်
ရန်ကုန်တက္ကသိုလ်အတွင်း ဓမ္မာရုံရှိသဖြင့် မွတ်စလင်ကျောင်းသားများ
ဝတ်ပြုဆုတောင်းနိုင်ရန် ဗလီဆောက်လုပ်ခွင့်တောင်းဆိုခဲ့သည်။
ဦးရာရှစ်သည် ရန်ကုန်အခြေစိုက် မွတ်စလင်အဖွဲ့အစည်းများဖြစ်သည့်
ရိုဟင်ဂျာမွတ်စလင်အဖွဲ့၊ ရခိုင်မွတ်စလင်အဖွဲ့တို့ကိုလည်း ထောက်ပံ့
ထားကာ ပုဂ္ဂလိကပိုင် ပညာရေးလောကတွင် ရိုဟင်ဂျာလူမျိုးအမည်ကို
တိတ်တဆိတ်ထည့်သွင်းခဲ့သည်။ ရိုဟင်ဂျာလူမျိုးတို့သည် တိုင်းရင်းသား
များဖြစ်ကြောင်း ဇောင်းပေးရေးသားရန် စာပေလောကတွင် တာဝန်ယူ
ခဲ့သည်မှာ ဦးရာရှစ်ပင်ဖြစ်သည်။*
*ထိုသို့ ဘင်္ဂလီမွတ်စလင်များ၏ ဖိအားပေးတောင်းဆိုမှုများနှင့် နိုင်ငံရေး
အကြပ်အတည်းမျိုးစုံ ကြုံတွေ့နေရသော ဦးနုသည် မည်သို့မှနည်းလမ်း
မကြံဆနိုင်တော့သည့်အခါ ဗိုလ်ချုပ်ကြီးဦးနေ၀င်းသည် ၁၉၆၂ ခုနှစ်၊
မတ်လ (၂)ရက်နေ့တွင် အာဏာသိမ်းခဲ့သည်။ တပ်မတော်မှ အာဏာ
သိမ်းပြီးသည့်နောက်တွင် “ရိုဟင်ဂျာ” အမည်သုံးစွဲမှုသည် နိုင်ငံရေး
လောကမှ ပျောက်ကွယ်သွားခဲ့ပြီး မြန်မာ့အသံမှလည်း ဟိန္ဒူဘာသာနှင့်
ရိုဟင်ဂျာဘာသာအစီအစဉ်များ အဆုံးသတ်သွားကာ မြန်မာ၊ ကရင်၊
ရှမ်း၊ ကချင်၊ ချင်း၊ ကယား၊ မွန်၊ ရခိုင် စသည့်တိုင်းရင်းသားဘာသာ
စကားများကို အမျိုးသားဘာသာစကားအဖြစ် တိုးချဲ့ထုတ်လွှင့်ခဲ့သည်။*
*တော်လှန်ရေးကောင်စီဥက္ကဌသည် ၁၉၆၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)
ရက်မှ (၁၉)ရက်အထိ ပါကစ္စတန်သို့သွားရောက်လည်ပတ်ရာတွင် အရှေ့
ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်) နယ်ခြားပြဿနာနှင့် အရှေ့ပါကစ္စတန်မှ
မြန်မာနိုင်ငံသို့ ခိုးဝင်လာသော တရားမ၀င်ဘင်္ဂလီ (၂၅၀၀၀၀)နှင့်ပက်
သက်၍ ဆွေးနွေးခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ဘင်္ဂလားဒေ့ရှ်
လွတ်မြောက်ရေးစစ်ပွဲကြီးတွင် ထွက်ပြေးကြသော ဘင်္ဂလီစစ်ပြေးဒုက္ခသည်
များသည် အိန္ဒိယနိုင်ငံအတွင်းသို့ (၁၀)သန်း နှင့် မြန်မာနိုင်ငံအတွင်းသို့
(၁.၅)သန်းခန့် ရှိခဲ့သည်ဟု BBC ကဖော်ပြခဲ့သည်။*
*ထိုဒုက္ခသည်များသည် မြန်မာနိုင်ငံအတွင်းရောက်ရှိပြီးသော ဘင်္ဂလီများ၏
အကူအညီဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အခြေချနေထိုင်ခဲ့ကြသည်။
ရောက်နှင့်ပြီးသောသူများ၏ အကူအညီဖြင့် မဆုံးနိုင်သော ဘင်္ဂလီမွတ်စလင်
များဝင်ရောက်လာကြပြီး ရိုဟင်ဂျာအမည်ခံသူများအံ့မခန်းတိုးပွားလာသည်။*
*ထို့နောက် ၁၉၇၂ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာလှုပ်ရှားမှု
ပြန်လည်ပေါ်ပေါက်ခဲ့သည်။ ရိုဟင်ဂျာအမည်ခံသူများသည် တော်လှန်ရေး
ကောင်စီအား မိမိတို့၏လိုလားချက်များကို တင်ပြတောင်းခံခဲ့ကြသည်။
လူနည်းစုလူမျိုး ရပိုင်ခွင့်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းကို မွတ်စလင်
ပြည်နယ်အဖြစ် တောင်းဆိုခဲ့ကြသည်။ ဘင်္ဂလီခေါင်းဆောင်များသည်
ဘင်္ဂလားဒေ့ရှ်သို့ သွားရောက်ကြပြီး “Arakan Rohingya Liberation
Frint”ကိုတည်ထောင်ကာ ရိုဟင်ဂျာအမျိုးသားလွတ်မြောက်ရေး
ကြွေးကြော်ခဲ့ကြသည်။ တော်လှန်ရေးကောင်စီက ၎င်းတို့တောင်းဆို
သမျှကို ပယ်ချခဲ့သည်။ ထို့နောက် ၁၉၇၈ ခုနှစ်တိုင် ရိုဟင်ဂျာအမည်ကို
မကြားရတော့ပေ။*
*၁၉၇၈ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်အစိုးရသည် ဘင်္ဂလားဒေ့ရှ်
နယ်စပ် ရခိုင်တွင် နဂါးမင်းစစ်ဆင်ရေးဖြင့် လူဝင်မှုကြီးကြပ်ရေးကို ကြပ်
မက်ခဲ့သည်။ အဖမ်းမခံလိုသော ဘင်္ဂလီများသည် မိမိတို့ကိုယ်မိမိ ရိုဟင်ဂျာ
များဟုသတ်မှတ်ကာ ဘင်္ဂလားဒေ့ရှ်သို့ ပြေးဝင်ခိုလှုံကြသည်။ အစိုးရသည်
၎င်းဘင်္ဂလီများကို အိမ်နီးနားချင်းနိုင်ငံမှ မုန်တိုင်းဒဏ်ကြောင့် မြန်မာနိုင်ငံ
အတွင်းလာရောက် အခြေချနေထိုင်သူများဖြစ်ကြောင်း ကြေညာခဲ့သည်။
သို့သော် ၎င်းအဖြစ်အပျက်သည် နောင်တွင် မြန်မာတို့နစ်နာ၍ ဘင်္ဂလီတို့
ကောင်းစားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသော ဘင်္ဂလီများသည်
မြန်မာမှတ်ပုံတင်များ ကိုင်ဆောင်ထားကြပြီး ၎င်းမှတ်ပုံတင်များမှာ ရခိုင်
ပြည်နယ်ရှိ လ.၀.က ၀န်ထမ်းများ အဂတိလိုက်စား၍ ထုတ်ပေးထားခြင်း
ဖြစ်ပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်တွင်ပြုလုပ်သည့် အတုများဖြစ်သည်။
အမေရိကန်နှင့် တရုတ်တို့က မြန်မာအစိုးရအား ဖိအားပေးသောအခါ
ရိုဟင်ဂျာအမည်ခံများကို မြန်မာပြည်အတွင်း ပြည်လည်ဝင်ခွင့်ပြုခဲ့ရသည်။
ထို့ကြောင့် ဟသာင်္စီမံကိန်းအမည်ဖြင့် ၁၉၇၈ ၊ သြဂုတ်လ (၁)ရက်မှ
၁၉၇၉ ခုနှစ်၊ ဇန်န၀ါရီလ (၅)ရက်အထိ ၎င်းတို့ကို မြန်မာနိုင်ငံမှ ပြန်လည်
လက်ခံခဲ့ရသည်။ ထွက်ပြေးသွားသော ဘင်္ဂလီအရေအတွက်ထက် (၂)ဆ
မက များပြားကြောင်း မှတ်တမ်းတို့က ဆိုပါသည်။*
*၁၉၈၈ ခုနှစ်တွင် မြန်မာ့နိုင်ငံရေး သွေးရောင်လွှမ်းသောကာလ၌ ဘင်္ဂလီ
မွတ်စလင်များ၏ မူလအကြံအစည်ဖြစ်သော ရခိုင်တိုင်းရင်းသားတို့အား
အပြတ်ရှင်း၍ တစ်ဖက်နိုင်ငံမှ ဘင်္ဂလီများဖြင့် အစားထိုးရန် စီစဉ်ဆောင်
ရွက်ခဲ့ကြသည်။ ၁၉၈၈ ခု၊ မေလ (၁၃)ရက်နေ့တွင် မောင်တောရဲတပ်ဖွဲ့မှ
ရဲတပ်ကြပ်ကြီး ဘဒူမြာဦးဆောင်သော ဘင်္ဂလီမွတ်စလင် ၅သောင်းခန့်သည်
မောင်တောအာဏာပိုင်များမရှိသည်ကို အခွင့်အရေးယူကာ မောင်တော
မြို့ကို ၀န်းရံပိတ်ဆို့တိုက်ခိုက်ခဲ့သည်။ ထိုဖြစ်စဉ်တွင် မောင်တောမြို့ပြင်ရှိ
ရခိုင်ရွာများ ဖျက်စီးခံခဲ့ရကာ ရခိုင်တိုင်းရင်းသားများ သေကြေပျက်စီး
ခဲ့သည်။ မောင်တောမြို့ခံ ရခိုင်တိုင်းရင်းသားများ၊ လုံထိန်းနှင့် ရဲတပ်ဖွဲ့
တို့မှ အပြင်းအထန်ခုခံသဖြင့် ဘင်္ဂလီမွတ်စလင်တို့၏ ရည်ရယ်ချက်ပျက်
ခဲ့ရသည်။*
*တပ်မတော်အစိုးရ အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာအမည် ၀ါဒဖြန့်
မှုသည်လည်း အနည်းငယ်ငြိမ်သက်ခဲ့သည်။ ခေတ်သစ်ဝါဒဖြန့်နည်းအဖြစ်
ပြည်ပနေ မွတ်စလင်ခေတ်ပညာတတ်အချို့သည် မွတ်စလင်နိုင်ငံများ၏
ထောက်ပံ့မှုကိုယူကာ ရိုဟင်ဂျာအမည်ကို လူသိများအောင်ဆောင်ရွက်
ခဲ့ကြသည်။ Wed Site ထောင်ခြင်း၊ ဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ကို
ဆောင်ရွက်လာသည်။ အင်တာနက်တွင် လေ့လာကြည့်သည့်အခါ
ရိုဟင်ဂျာဝဘ်ဆိုက်များ အများအပြားတွေ့ရပြီး ၎င်းတို့၏စာမျက်နှာ
များတွင် (Rohingya Language & Rohingya Culture) စသည်တို့
ထည့်သွင်းထားသည့်အပြင် ရိုဟင်ဂျာဘာသာစကားသင်နည်းကိုပါ
ထည့်သွင်းထားကြသည်။ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုရန်
အကွက်ကျကျ စီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာ့နိုင်ငံရေးအလှည့်
အပြောင်းတိုင်းတွင် ဘင်္ဂလီမွတ်စလင်တို့အနေဖြင့် အစ္စလာမ်ဘာသာ
ပျံ့ပွားရေးနှင့် ၎င်းတို့၏ အမျိုးသားအကျိုးစီးပွားအတွက် အပူ/အအေး
နည်းလမ်းမျိုးစုံဖြင့် ကျင့်သုံးဆောင်ရွက်ခဲ့ကြကြောင်း လေ့လာသိရှိ
ရသည်။ *
နိဂုံးချုပ်တင်ပြရလျှင်-
*“ရိုဟင်ဂျာ”ဟူသောဝေါဟာရကို ၎င်းဘင်္ဂလီမွတ်စလင်တို့ စတင်ဖန်တီး
ခဲ့သည့် ၁၉၅၁ ခုနှစ်တွင်မှ စတင်သိရှိခဲ့ရပြီး ၎င်း “ရိုဟင်ဂျာ”ဟူသော
ဝေါဟာရကို မြန်မာနိုင်ငံသမိုင်းနှင့် ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်းတို့တွင်
ထိုကာလထက်စောစွာ မတွေ့ရှိရပေ။ ထို့ပြင် မြန်မာနိုင်ငံရှေးဟောင်း
သုတေသနအထောက်အထားတို့အရ မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ်
အတွင်း အဆိုပါ ရိုဟင်ဂျာအမည်ခံသူများ၏ ယဉ်ကျေးမှုအထောက်
အထား၊ စာပေအထောက်အထား၊ အခြေချနေထိုင်မှုအထောက်အထား
စသည့် သမိုင်းဝင်အထောက်အထားများ လုံးဝရှိမနေပါ။*
*မြန်မာပြည်တွင်း အတူနေတိုင်းရင်းသားအများစုသည် ဗုဒ္ဓဘာသာဝင်များ
ဖြစ်ကြသည်။ တောင်တန်းဒေသတချို့၌ ခရစ်ယာန်ဘာသာဝင်အနည်းစုနှင့်
ရိုးရာနတ်ကိုးကွယ်မှုများရှိပြီး အစ္စလာမ်ဘာသာဝင် မွတ်စလင်ရိုဟင်ဂျာ
ဆိုသူများ လုံးဝရှိမနေပါ။*
*ဘီစီ ၅ရာစုမှ အေဒီ ၁၉ ရာစုခန့်အထိ မြန်မာနိုင်ငံ သမိုင်းတွင်လည်း
ရိုဟင်ဂျာအမည်ခံသူများ ရှိမနေပါ။*
*ပြည်မဒေသ မြန်မာနိုင်ငံတ၀ှမ်းနှင့် မြန်မာနိုင်ငံအနောက်ဘက်ခြမ်းဒေသ
ရခိုင်ပြည်နယ်တို့အတွင်း တွေ့ရှိရသည့် တိုင်းရင်းကျောက်စာ စုစုပေါင်း
(၂၀၀၀)ကျော်တွင်လည်း လူမျိုးစုများမှတ်တမ်းတင်ထားရာ၌ “ရိုဟင်ဂျာ”
ဟူသောလူမျိုးတုအမည် လုံးဝမပါရှိပါ။*
*မြန်မာ့ရှေးဟောင်းရာဇ၀င်များတွင် ဖော်ပြထားသော လူမျိုး(၁၀၁)ပါး
စာရင်းတွင်လည်း ရိုဟင်ဂျာဆိုသူများနှင့် ဘင်္ဂလီမွတ်စလင်များ လုံးဝ
မပါရှိပါ။*
*အင်္ဂလိပ်ကိုလိုနီလက်ထက် စစ်ဆေးကောက်ယူခဲ့သော စစ်တမ်းများ၊
အရေးပိုင်မင်းမှတ်တမ်းများနှင့် ရခိုင်ဒေသတွင်းအစီရင်ခံစာများတွင်လည်း
ရိုဟင်ဂျာလူမျိုးအမည် လုံးဝမပါရှိပါ။*
*၎င်း ရိုဟင်ဂျာအမည်ခံထားကြသူများသည် ခိုးဝင်ဘင်္ဂလီများသာ
ဖြစ်ကြောင်းကို ၁၉၇၅ ခုနှစ်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဘင်္ဂလားသံအမတ်
K.N.Kanser ဆိုသူက မြန်မာနိုင်ငံလုံးဆိုင်ရာ ဗြိတိသျှသံအမတ် Mr.T.J
O'Brien အား ၁၉၇၅ ခုနှစ်မတိုင်ခင် မြန်မာနိုင်ငံအတွင်း တရားမ၀င်
ဝင်ရောက်လာသော မိမိတို့၏ဘင်္ဂလားနိုင်ငံသား အရေအတွက်မှာ
(၅၀၀၀၀၀)ငါးသိန်းခန့်ရှိကြောင်း ပြောဆိုမှုအား ဗြိတိသျှသံအမတ်မှ
မှတ်တမ်းတင်ထားခဲ့ပါသည်။ ထိုမှတ်တမ်းကို ယနေ့တိုင် လန်ဒန်မြို့ရှိ
မော်ကွန်းတိုက်တွင် သွားရောက်လေ့လာနိုင်ပါသည်။*
ထို့ကြောင့် *အချိန်တန်လျှင် အိမ်ပြန်ကြရမည်* ဟူသော မြန်မာ့ဆိုရိုး
စကားအတိုင်း ရိုဟင်ဂျာ အမည်ခံထားကြသည့် ခိုးဝင်ဘင်္ဂလီ
မွတ်စလင်များကို မိမိတို့နေရပ် ဘင်္ဂလားဒေ့ရှ်သို့လည်းကောင်း၊
၎င်းတို့အား လက်သင့်ခံမည့် မျိုးတူ/မျိုးမတူသော တတိယနိုင်ငံများ
သို့လည်းကောင်း အချိန်မဆိုင်းဘဲ ပြန်လည်ပို့ဆောင်သင့်ပါကြောင်း
လက်ရှိအာဏာရ အစိုးရလူကြီးမင်းများသို့ တိုက်တွန်းတောင်းဆို
လိုက်ရပါသည်။
(မိတ်ဆွေအများလေ့လာရင်းဖြင့် အသိပညာတိုးတက်ကြပါစေ။)
Thant Lwin Oo Via
Subscribe to:
Post Comments (Atom)
No comments:
Post a Comment