ရခိုင်သမိုင်းဆိုင်ရာသိမှတ်ဖွယ်များနှင့်အထွေထွေ ဗဟုသုတများဝေငှရာ
Friday, August 19, 2016
Arakan Division ဆိုတာ (ဦးအောင်ကျော်စိန် တရားလွှတ်တော်ရှေ့နေ)
တလောက ရှမ်းပြည်နယ် ပင်လုံမြို့မှာကျင်းပတဲ့ လူငယ်ညီလာခံ
မှာ ANPပါတီဥက္ကဌ ဒေါက်တာအေးမောင်က ရခိုင်ပြည်ရဲ့ရှေးက
တည်ရှိခဲ့တဲ့ နယ်နိမိတ်ကို ပြောဆိုခဲ့တာတွေ့ရပါတယ်။သူက
1853 ခုနှစ် က အင်္ဂလိပ်လက်အောက်မှာ ရခိုင်နယ်နိမိတ် အဖြစ်
တည်ရှိခဲ့တဲ့ ကျောက်ချွန်းချောင်းက မော်တင်စွန်းထိ။တောင်ခွင်
ခရိုင်နဲ့ ဟိုင်းကြီးကျွန်းတို့ကို ပုသိမ်ခရိုင်မှာ ပေါင်းထည့်လိုက်
တယ်။( ရန္တပိုစာချုပ် တတိယ အပိုဒ်မှာ ရခိုင်နယ်နမိတ်ဟာ
ရိုးမဖိုးခေါင်တောင်တန်း ဟိုင်းကြီးကျွန်းအထိ ဆိုတာ အတိအကျ
ပါပါတယ်။ စကားချပ်)ဆိုတာနဲ့ Northern Arakan District
or Arakan Hill Tract ယခုခေတ်အခေါ် ပလက်ဝနယ်ကို
ိ၁၉၅၂ခုနှစ် ဖဆပလအစိုးရလက်ထက်မှာ ချင်းဝိသေသတိုင်းမှာ
ပေါင်းထည့်လိုက်တယ်လို့ ထည့်သွင်းပြောခဲ့တာ တွေ့ရပါတယ်။
ဒေါက်တာအေးမောင်ရဲ့ပြောစကားကို ချင်းပါတီတစ်ခုက ကန့်ကွက်
ကြောင်း ကြေညာချက်ထုတ်တယ်။သူတို့က ပလက်ဝနယ်ဟာ ဘာသာ
စကားအရလည်းကောင်း။ပထဝီနယ်နိမိတ်အရလည်းကောင်း မည့်သည့်
အခါကမျှ ရခိုင်ပြည်ထဲမှာ ပါဝင်ခြင်းမရှိဘူးလို့တောင် ကြီးကြီးကျယ်
ကျယ် ပြောဆိုတာ တွေ့ရပါတယ်။
ကျွန်တော် ရခိုင်သမိုင်းကို လေ့လာသုတေသနု လုပ်လာတာ နှစ်
ပေါင်း ၄၀ လောက်ရှိပါပြီ။ဒါကြောင့် မနေသာလို့ဝင်ပြောပါတယ်။
သမိုင်းအကြောင်း ပြောရင် အထောက်အထား နဲ့စကားပြောရမယ်။
ဒီခေတ်ဟာ Internet ခေတ်ဖြစ်လို့ အထောက်အထား ရှာရတာ
လွယ်ပါတယ်။ Google မှာအမည်ကို ရိုက်ပြီး Search လုပ်လိုက်တာနဲ့ ကိုယ်လိုချင်တာ အလွယ်တကူရတယ်။
ဗြိတိသျှလက်အောက်မှာ Imperal gazetteer of India
ဆိုတာရှိတယ်။ အဲဒီစာအုပ်မှာ Arakan Divison ဆိုပြီး သီး
ခြားဖေါ်ပြထားတယ်။ရခိုင်ပြည်နယ်နိမိတ် Arakan Division
မှာ Northern Arakan District or Arakan Hill
Tract ပါဝင်တယ်။
နောက်အထောက်အထားတစ်ခု ပြောမယ်။ The Census of
British Burma, taken in August 1872 မှာ Arakan
Division ခေါင်းစဉ်အောက်မှာ Akyab District, Northern
Arakan District, Ramree, Sandoway ဆိုပြီး အတိ
အကျဖေါ်ပြထားတယ်။ပလက်ဝနယ်ဟာ ရခိုင်နယ်နိမိတ်မှာ ပါတယ်
ဆိုတာပါ။
၂၀ရာစု ပင်လုံစာချုပ်ကို လက်မှတ်ထိုးစဉ်က ချင်းပြည်နယ်ကို
1896 Chin Hills Regulation အရလည်းကောင်း။
ကချင်ပြည်နယ်ကို 1895 Kachin Hills Regulation
အရ လည်းကောင်း ။ရှမ်းပြည်နယ်ကို Federated Shan
States အရ လည်းကောင်း။Province of Burma
(proper Burma) ကို Burma Act ,1935 အရ
လည်းကောင်း ပိုင်းခြားအုပ်ချုပ်နေတဲ့ အချိန်ဖြစ်ပါတယ်။
ရခိုင်။ကရင်။မွန်တို့ဟာ Proper Burma ထဲမှာအကျုံး
ဝင်တယ်။ Province of Burma after 1885 မှာ
အောက်ပါအတိုင်း အုပ်ချုပ်တယ် ဆိုပြီးခွဲခြားဖေါ်ပြထားရာ
Ministerial Burma (proper Burma ) အမှတ်
စဉ် ၂ မှာ Arakan Division ( Akyab , Northern
Arakan or Hill tract, Kyaukpyu and Sandoway Districts) ဆိုပြီး အတိအကျဖေါ်ပြထားတယ်။
ဒါကြောင့် 1896 Chin Hills Regulation မှာပါတဲ့
All Chin Hills ဆိုတဲ့စကားရပ်မှာ Northern Arakan
or Hill tract မပါဝင်ဘူးဆိုတာ ထင်ရှားနေပါတယ်။ဆိုလိုတာ
က ပလက်ဝမြို့နယ်ဟာ ရခိုင်ပြည်နယ်နိမိတ်ထဲမှာ ပါရှိခဲ့တယ်
ဆိုတာ ငြင်းမရတဲ့ အထောက်အထားတွေ ဖြစ်ကြောင်း ပြော
ချင်ပါတယ်။
ကျွန်တော်ပြောတဲ့ အထောက်အထားတွေ မှန်မမှန် ချင်းမိတ်
ဆွေတွေကိုယ်တိုင် Google မှာ အမည်တွေရိုက်ထည့်ပြီး
ရှာဖွေလိုက်ပါ။ လေ့လာသုတေသန ပြုပါ။
ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်ဟာ ဆင်းရဲမွဲနေမှု ထိပ်ဆုံးမှာ
ရှိကြတဲ့ ပြည်နယ်တွေပါ။ချင်းနဲ့ရခိုင်ဟာ ရခိုင်ပြည်နယ်
မှာဖြစ်စေ။ချင်းပြည်နယ်မှာဖြစ်စေ အတူယှဉ်တွဲနေထိုင်လာ
ခဲ့သူတွေ။အတူလက်တွဲ နေထိုင်လျက်ရှိသူတွေဆိုတာ
မမေ့အပ်ပါ။
နိုင်ငံအရေးအရ အသုံးချဖို့ရည်ရွယ်ချက်နဲ့ သမိုင်းကို မမှန်
မကန်လုပ်ကြံဖန်တီးရင် သမိုင်းတန်ဖိုးကျတတ်ပါတယ်။
The so- called Rohingya bengali ဆိုတဲ့
စကားမျိုးထက် အဆင့်မပိုတာ မိတ်ဆွေတို့ သိမှာပါ။
အားလုံးကို လေးစားလျက်
ဦးအောင်ကျော်စိန်(တရားလွှတ်တော်ရှေ့နေ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment