- ကျွန်တော်တို့သည် ရခိုင်ကမ်းမြောင်ဒေသတွင် နေထိုင်ကြပြီး လူဦးရေထူထပ်သောနိုင်ငံနှင့်ကုန်းနယ်နိမိတ်၊ရေနယ်နိမိတ်များထိစပ်လျှက်ရှိသောဒေသတစ်ခုဖြစ်ပါသည်။လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးပြည်နယ်အဖြစ် စာရင်းဝင်လျှက်ရှိပြီး နေရာဒေသအမျိုးမျိုးမှလူကြီး၊ လူငယ်၊လူရွယ်(ကျား/မ)များသည် နေရာစွန့်ခွာပြီး ရေကြည်ရာ မြက်နုရာဒေသများသို့သွားရောက်ပြီး ဘ၀ရှေးရေးကိုရင်ဆိုင်ဖြေရှင်းရန် အလို့ ငှာ မိမိတို့ ၏ဇာတိနေရပ်များကို မခွဲချင်ဘဲခွဲခွာနေကြရသည်ကိုလည်းတွေ့ရှိရမည်ဖြစ်ပါသည်။ မိမိတို့သည် နေရာဒေသ မည်ကဲ့သို့ပင်ပြောင်းပြောင်း ရာသီဥတုမည်သို့ပင်ကွဲပြားကွဲပြား တစ်အူထုံးဆင့် ညီအစ်ကိုမောင်နှမရင်းချာများဖြစ်ကြသည့်အားလျှော်စွာ မိမိဒေသကို မိမိတို့မှ ဖွံ့ဖြိုးတိုးတက်အောင်ကူညီ လုပ်ဆောင်ပေးခြင်းသည်လည်းအမျိုးဘာသာကိုစောင့်မြတ်သော ရက္ခိတ မျိုးနွယ်များအဖြစ် ကမ္ဘာတည် သရွှေ့ရှင်သန်ဖြစ်ထွန်းနေမည်သာဖြစ်ပါသည်။
- မိမိတို့သိရှိလိုသော သမိုင်းဆိုင်ရာများနှင့် အခြားလူမှုရေး အကြောင်းအရာများ၊ ဘာသာရေး၊ ကွန်ပြူတာ၊မိုဘိုင်းဖုန်းဆိုင်ရာဗဟုသုတ များကိုလည်း မိမိတို့ထံတွင် အကူအညီရယူတောင်းခံနိုင်ပါသည်။
ရခိုင်သမိုင်းဆိုင်ရာသိမှတ်ဖွယ်များနှင့်အထွေထွေ ဗဟုသုတများဝေငှရာ
Wednesday, August 17, 2016
သမိုင်း ကို သိမှ အမျိုးကိုချစ်တတ်ဖို့စွာ သဘာဝပါ သို့သော် ယခင်က ရှေးဟောင်းဖြစ်ဖွယ်တိကို သာယာယစ်မူးနေခြင်းမဟုတ်ဘဲ မိမိတို့ ဘိုးဘွားများ၏ ကြိုးစားရုန်းကန်ခြင်းများကိုသိရှိပြီး သင်ခန်းစာများရရှိအောင် လက်ရှိဘ၀နှင့်ကိုက်ညီသော မျိုးချစ်စိတ်ဓါတ်များဖြင့် နိုင်ငံတော်နှင့်မိမိဒေသမြို့ရွာများမှ လူကောင်းလူမွန်လူတော်များ ထွက်ရှိလာစေရန် ရည်ရွယ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment